taywine

ကျောက်စာများ Chord

မျိုးကြီး

▶ Transpose / Capo / Auto-scroll နဲ့ ဖွင့်မယ်

Chords (4)

Intro

GFGF

Verse 1

Gသွေးနဲ့ရေးတဲ့ကျောက်စာတွေ နာမည်ခေါ်နေတုန်း

ညဉ့်နက်ကြီးရဲ့ ဝိညာဉ်တွေ တံခါးဝရောက်လာနေ

လာပြီ ဒီမျက်လုံးထဲ ငါခွဲခြားမသိ

အမိန့်ပေးထားတဲ့ ငါ့နာမည်တောင် ရေးမှတ်ကြကုန်ပြီ အို...

Chorus

Gညဉ့်နက်ကြီးရေ Bbငါ့ဝိညာဉ်ပြန်ပေး

Fညညအိပ်မရ Gအသွေးအသား ရူးသွပ်ခြင်းတွေလား

Refrain

Fရင်ခုန်သံရဲ့ သွေးတွေ

Gဒီမှာအသွေးအသား ငါ့ရဲ့ ဝိညာဉ်အား

Fနာမည်မခေါ်နဲ့ မပြေးနဲ့

Verse 2

Gအေးစက်သွားတဲ့ ငါ့မျက်လုံးတွေ ငါပြန်ရှာနေတုန်း

စိတ်အစွဲလမ်းဆုံး လရောင်တွေ ပင့်သက်ရှိုက်ငိုနေ

လာပြီ ခြေသံကြားလား ငါအဆိုးအကောင်း ခွဲခြားမသိ

ညဉ့်နက်ကြီးရဲ့ ကျိုးပြိုသံတွေ ငါ့နောက်လိုက်လာနေ

Solo

GBbFG

GBbFC

Verse 3

G(မမေးနဲ့) ဒီနေရာမှာကြည့် ငါ့နာမည်တောင် ရေးကုန်ပြီ ဒီလို

F(ကုစား) အချိန်မရှိ ညဉ့်နက်ကြီးထဲမှာ အိပ်ပျက်လို့

Gငါ့အသွေးအသားများကို မျိုချထား

Fနှလုံးသား တစ်စစီ ကွဲအက်လို့

Outro

Gဒီမှာ အသွေးအသား ရူးသွပ်ခြင်းတွေလား

Fရင်ခုန်သံရဲ့ သွေး

Gဒီမှာ အသွေးအသား ငါ့ရဲ့ ဝိညာဉ်အား

Fနာမည်မခေါ်နဲ့ မပြေးနဲ့

GFGF

Credit — မျိုးကြီး။ သီချင်း၏ မူပိုင်ခွင့်အားလုံး မူရင်းအဆိုတော်နှင့် တေးရေးဆရာများထံ ရှိပါသည်။ လေ့လာတီးခတ်ရန်အတွက်သာ မျှဝေထားပါသည်။