taywine

အချစ်ဆိုတာ Chord

si thu lwin, saung oo hlaing

▶ Transpose / Capo / Auto-scroll နဲ့ ဖွင့်မယ်

Chords (1)

Verse 1 - ဆောင်း

Emဘယ်လိုငါအဖြေရှာကြည့်မလဲ

ထူးဆန်းလွန်းတဲ့ အချစ်ဆိုတဲ့ ငါမမြင်ရတဲ့ ဝေဒနာကို...ရေ

ပိုင်ဆိုင်ချင်တယ် တစ်ဘဝလုံးအတွက်

အတူတူ အဆိုးအကောင်းများ မျှဝေခံစား

ဒါဟာ အချစ်ရဲ့ အဓိပ္ပါယ်လား

သူငယ်ချင်း ငါ့အတွက်တော့ အချစ်ဟာ ပေးဆပ်မှုတစ်ခုပေါ့

Verse 2 - စည်

အသေအချာ ဘာမှမရရှိလည်း အရာရာ စွန့်လွှတ်ရင်းနဲ့ပဲ ပျော်တယ်

ကမ္ဘာပေါ်မှာ တစ်ခါတလေ တစ်ယောက်တည်း

လွမ်းမောခြင်းများ ရှိလာရင် ငါဟာ လွတ်မြောက်ရာကို ရှာမယ်

Verse 3 - ဆောင်း

အပြန်အလှန် မှီခိုနေထိုင်ရင်းနဲ့

အတူတူ အဆိုးအကောင်းများ နှစ်ယောက်သား ခံစား

ဒါဟာ အချစ်ရဲ့ ဝိညာဉ်လား

Verse 4 - စည်

သူငယ်ချင်း ငါ့ဘဝအတွက် အချစ်ဟာ စွမ်းအားလေး တစ်ခုပေါ့

နေချင်စရာမရှိတဲ့လောကထဲ ငါဟာအချစ်အတွက်ကြိုးစားအသက်ရှင်

Chorus

အချစ်ဆိုတာ ကမ္ဘာမြေ လှပသွားအောင် ထွန်းတဲ့ အလင်းရောင်

အချစ်ဆိုတာ လူကို စွမ်းအားပေးတဲ့ စွမ်းတဲ့ ဝိညာဉ်

(အချစ်ဆိုတာ)၂ လောကကြီးထဲ မရှိမဖြစ်

Credit — si thu lwin, saung oo hlaing။ သီချင်း၏ မူပိုင်ခွင့်အားလုံး မူရင်းအဆိုတော်နှင့် တေးရေးဆရာများထံ ရှိပါသည်။ လေ့လာတီးခတ်ရန်အတွက်သာ မျှဝေထားပါသည်။