taywine

တမလွန်ရောက်ချစ်သူ Chord

G Fatt · Key E

▶ Transpose / Capo / Auto-scroll နဲ့ ဖွင့်မယ်

Chords (3)




Intro

E B A B

E B A B E B A B


Chorus 1

Eဟိုးအဝေးဆီက Bအသံများကြားတယ် Aနင်များလား Bငါနားစွင့်မိတယ်

ငါတို့အတိတ်တွေ ပြန်ရောက်ချင်လည်း တကယ်မဖြစ်နိုင်မှန်း ငါလည်းသိပါရဲ့

လူတွေဝိုင်းပြောကြတယ် ဒီအနိစ္စတရား ငါဘယ်လက်ခံနိုင်မလဲ

ဘယ်သူတွေဘယ်လိုတားတားကွယ် နင်တွေးကြည့်ဦး ဘယ်မေ့နိုင်မှာလဲ

Eလွမ်းတယ် အို.. Bမင်းကိုငါ... {A(ဘယ်မေ့နိုင်မှာလည်း/Bဘယ်လိုမေ့လို့ရမလဲ)} x2

B A B E B A B


Rap 1

သူငယ်ချင်းတွေဝိုင်းတရားချကြတယ် လူတိုင်းတစ်နေ့ဒီလမ်းသွားရမှာတဲ့

သူ့ရုပ်ကလေးကြည့်ချင်သေးလို့ပါကွာ မတားကြပါနဲ့..

ငါ့ဘဝကမ္ဘာထဲ ပြန်လာဖို့ တမလွန်မှာပဲ အနားကတစ်ဖဝါးမှမခွဲပဲနေမယ်ဆို

ဘာလို့အခုထားသွားတာလဲ.. ပန်းစည်းတွေကြားမှာ မင်းက နဂိုထက်ပိုပြီးလှ

လွမ်းပြီးသေသွားပါစေ မျက်ရည်တစ်စက်စက် ယိုစီးကျ

နစ်ကိုယ်တည်းစကားလေးတွေပြော သီချင်းတွေ ဆိုညည်းတာကိုသတိရ

ဝမ်းနည်းစိတ်တိုပြီးထလဲ ရင်ကွဲပက်လက်ငိုမိတာ

ဖြေရှင်းမရ သေခြင်းတရား အချစ်ရှေ့မှာ ကွေကွင်းသွား

နေမင်းက ပူလောင်လွန်းလို့ တိုက်ခိုက်နေတဲ့ လေပြင်းများ...

ဒါငါ့ရဲ့အဖြူစင်ဆုံးပြောတယ် သဘာဝ ဘန်းစကားပါ

နှလုံးသားနဲ့ ဂုဏ်ပြုလိုက်တယ် သူ့ဈာပန အခမ်းအနားအား


{လွမ်းတယ် အို.. မင်းကိုငါ... (ဘယ်မေ့နိုင်မှာလည်း/ဘယ်လိုမေ့လို့ရမလဲ)} x2

B A B E B A B


Chorus 2

ဘယ်ဘဝရဲ့ကံဝဋ်ကြွေးများလဲ သေခြင်းတရားရယ် ငါ့အသည်းနှလုံးကိုခွဲ

နောက် တစ်နေ့ဆိုရင် ကမ္ဘာကြီးထဲက နင်ထွက်သွားတာ ခုနှစ်ရက်ပြည့်တော့မယ်

ဖြေမဆယ်နိုင်ဘူးအချစ်ရယ် နင်ရှိရာအရပ် ငါလိုက်ခဲ့ချင်ရဲ့

တမလွန်မှာလည်းငါ့လို နင်လည်း ကြေကွဲ ငိုကြွေးနေမှာပဲ

{လွမ်းတယ် အို.. မင်းကိုငါ... (ဘယ်မေ့နိုင်မှာလည်း/ဘယ်လိုမေ့လို့ရမလဲ)} x2

B A B E B A B


Rap 2

လွဲရဲကလွဲလို့ ဘာများထူးတော့မှာလဲ မင်းရဲဝိဉာဉ်ခွဲခွာရင်မလွယ်ဘူး ဒီကောင်ရူးတော့မှာပဲ

အမှတ်တရဓါတ်ပုံတွေနဲ့ ငါတို့လက်ထပ်စာချုပ် ငါအကုန်လုံးစုတ်ဖြဲလိုက်တယ် ရင်ထဲတစပ်စပ်နာလို့

မျက်လုံးလေးဖွင့်ပါဦးကွာ နှုတ်ခမ်းလေးများပြုံးသလား လုံးဝငါမယုံကြည်နိုင်ဘူး သူအသက်ရှင်နေတုန်းပါ

ရင်ခွင်တစ်ခုလုံးပူလောင်ဆူနေပြီး ငါ့ကမ္ဘာပျက်သလို မင်းမရှိတော့ဘယ်လိုဆက်မလဲ ဘဝအနာဂတ်သို့

မင်းအကြောင်းတွေ ငါ့ခေါင်းထဲရောက်ရောက်လာတတ်တယ် နင်ပါတဲ့အိပ်မက်တွေလည်း တောက်လျှောက်ငါမက်တယ်

မျက်နှာသာပေးတဲ့ ကံကြမ္မာ အဖတ်ဆယ်လည်းမရ ပြန်ဆုံကြမယ် ဒီသံသရာ တစ်ပတ်လည်တဲ့အခါ


{လွမ်းတယ် အို.. မင်းကိုငါ... (ဘယ်မေ့နိုင်မှာလည်း/ဘယ်လိုမေ့လို့ရမလဲ)} x4

Credit — G Fatt။ သီချင်း၏ မူပိုင်ခွင့်အားလုံး မူရင်းအဆိုတော်နှင့် တေးရေးဆရာများထံ ရှိပါသည်။ လေ့လာတီးခတ်ရန်အတွက်သာ မျှဝေထားပါသည်။