Intro
CCCC
Verse 1
Cစစ်မှန်တဲ့တရား ခေါင်းမှာ ထည့်ပြီး တွေးပါ သူအမြဲ ပြောပါတယ်
C/Bမေတ္တာလေနဲ့ အသက်ကို ရှူပြီး သွားပါ သူအမြဲ ပြောပါတယ်
Amသစ္စာ ရေသောက် ဘဝ တည်ဆောက်ပြီး လျှောက်ပါ သူအမြဲ Fပြောပါတယ်
ခေါင်းမဖော်နိုင်တဲ့ စိတ်ဒဏ်ရာနဲ့ အတိတ်မှာ မနေနဲ့ ပြောပါတယ်
မလဲပြိုနိုင်တဲ့ သိက္ခာတွေနဲ့ ရှေ့ကိုကြည့်စမ်း ပြောပါတယ်
သမိုင်းဆိုတာက တို့တွေအကုန်လုံး အမြဲသင်ယူဖို့ ပြောပါတယ်
Verse 2
Cတို့တွေ ရင်ထဲ လင်းစေနိုင်မယ့် အပြုံးတွေ သူအမြဲ ပြုံးပြတယ်
C/Bတို့တွေ အိပ်မက် လှစေနိုင်မယ့် စကားတွေ သူအမြဲ ပြောပြတယ်
တို့တွေ Amအနာဂတ် မလွဲနိုင်အောင်လဲ အလုပ်တွေ သူအမြဲ အမြဲတမ်း Fကြိုးစားပါတယ်
တို့တွေ စိတ်ထား မမှားနိုင်အောင်လဲ အသိပညာနဲ့ လမ်းပြတယ်
တို့တွေ မမြင်တဲ့ တံခါးတွေကိုလဲ အတတ်ပညာနဲ့ ဖွင့်ဟတယ်
တို့တွေ မျှော်မှန်းပန်းတိုင်ကိုလဲ မဝေးအောင် သူအမြဲ အမြဲတမ်း ကြိုးစားပါတယ်
Verse 3
ရှေ့အန္တရာယ်များ ကြောက်ခါလန့်မသွား မြဲမြံစိတ်ထား ထားပါတယ်
မုန်တိုင်းထန်နေတဲ့ အမှားပင်လယ်ထဲ တက် ကို မချဘူး ဆက်လှော်တယ်
အတူယှဉ်နိုင်ဖို့ လိုက်မမှီနိုင်တဲ့ နှလုံးသား လှလှ ရှိပါတယ်
အမှားကို ပြင်ဖို့ ခက်ထန်မာတဲ့ အားအင်တွေ အပြည့်ရှိပါတယ်
လဲသူကို ကမ်းလက်တစ်စုံဟာလဲ မေတ္တာတွေနဲ့ ထွန်းမံခြယ်
ဒို့တွေရဲ့လမ်း မမှားအောင် ညွှန်မယ့် ကမ္ဘာ့အလယ်က သံမဏိလိပ်ပြာ လေးပါကွယ်
Chorus
Cဒါဟာအမှန်တရား C/Bဒါတွေဟာ အမှန်တရား AmF
Cမင်းမွေးတဲ့ မြို့မလိုဘူး မင်းရိုးသားဖို့လိုတယ်
C/Bမင်းကိုးကွယ်တဲ့ ဘုရားမဆိုင်ဘူး မင်းရိုးသားဖို့လိုတယ်
Amမင်းရတဲ့ ဘွဲ့မလိုဘူး မင်းရိုးသားဖို့လိုတယ်
Fမင်းရဲ့ အသိုင်းအဝိုင်း မဆိုင်ဘူး မင်းရိုးသားဖို့လိုတယ်