Intro
FGCCFGCFEmDmGC
Verse 1
Cတစ်ခါတုံးက တို့ရွာမှာ Fသဘောကောင်းအပြီး Cဆင်းရဲတယ်
Cကိုပေါလို့ အများခေါ်တဲ့ Dပေါချာချာ လူတစ်ယောက်Gရယ်
Cသူအလုပ်လုပ်တဲ့အိမ်က Fမြို့ကျောင်းတက် သူဌေးသမီးCကို
Fရင်မှာသိပ် Cတိတ်တိတ်သာ Gချစ်ရှာနေတော့Cတယ်
Verse 2
သူဌေးသမီးက ကျောင်းကအပြန် နွားလှည်းနဲ့ လိုက်အပို့မှာ
ရင်ထဲက အချစ်တွေဟာ အိုးမလုံ အုံပွင့်လာ
သူဌေးသမီးက ဆိုသတဲ့ အချစ်စစ်တော့ ဖြစ်ခဲ့ရင်
ငွေအသပြာ တစ်သောင်းတိတိသာ အဖေ့ဆီ တင်တောင်းပါ
Bridge
Amဒီအချိန်မှာ ရသမျှအလုပ်ကို Emနေရာမရှောင်လုပ်Fကာ C
Amအာဟာရ သိဒ္ဓိပြီးသလို Emမစားရက် Fမသောက်ရက်Gနဲ့
Verse 3
ပူပြင်းတဲ့ ကျောက်ပပြင်ဟာ အချစ်စိတ်ကြောင့် အေးမြလာ
စိုစွတ်တဲ့ မိုးရေတွေ သူကိုလေ မဟန့်တားပါ
သူစုထားတဲ့ ငွေလေး တစ်သောင်း မပြည့် တပြည့်မှာ
သူရည်ရွယ်တဲ့ အမျိုးသမီးဟာ တခြားအိမ်ထောင်ပြုရှာ
Verse 4
အရူးအပေါဖြစ်ပေမယ့် အသက်စွန့်ပြီး ချစ်သွားတယ်
ကိုပေါရဲ့ အုတ်ဂူလေး တို့ရွာပြင်မှာ ရှိတယ်
ဒီသီချင်းလေး နားထောင်ရင်း အားလုံးပဲ မှတ်ထားပါ
လူတစ်ဖတ်သား ဘဝပျက်အောင် မကျီစားချင်ပါနဲ့ကွာ...