taywine

သီချင်းများနဲ့လူ Chord

ထူးအိမ်သင်

▶ Transpose / Capo / Auto-scroll နဲ့ ဖွင့်မယ်

Chords (3)

Intro

AmAmAmAmFGAmAm

Verse 1

Amအလှတရားများ ထွန်းကားပြန့်ကျက်ဖို့ Fအနှောင့်အယှက်ရှိသမျှ ခွင်းပစ်ဖို့

Gသီချင်းတစ်ပုဒ်က မြှားတစ်စင်းဖြစ်ပါစေ AmAm

Amလောဘဆူးညောင့်ဆူးခက်တို့ ခရီးသွားလမ်းတစ်လျှောက်ရှင်းပစ်ဖို့ F

Gသီချင်းတစ်ပုဒ်က ဓါးတစ်လက်ဖြစ်ပါစေ AmAm

Chorus

Amသီချင်းများနဲ့လူ Fဒီကမ္ဘာကို အကြင်နာပို Gကာကွယ်နိုင်ပါစေသားကွယ် AmAm

Amသီချင်းနဲ့လူ Fဒီကမ္ဘာကို သာယာလာအောင် Gကူညီနိုင်ပါစေသားကွယ် AmAm

Verse 2

Amဒီလောကကြီးအမြဲလှပဖို့ Fနှလုံးသွေးပေးဆပ်ပြုစုလို့

Gသီချင်းတစ်ပုဒ်ကြောင့် ပန်းတစ်ခင်းဖြစ်ပါစေ AmAm

Amမြူခိုးဆီးနှင်းတို့ကျတဲ့ခဏ Fကြယ်ကလေးများမလင်းတဲ့ လမိုက်ည

Gသီချင်းတစ်ပုဒ်ကြောင့် အလင်းဖြစ်ပါစေ AmAm

Chorus

Amသီချင်းနဲ့လူ Fဒီကမ္ဘာကို သာယာလာအောင် Gကူညီနိုင်ပါစေသားကွယ် Am

Verse 3

Amခွန်အားများကင်းမဲ့စိတ်ဓါတ်ကျ Fခေါင်းငုံ့ဒူးထောက်မျက်ရည်ဝေတဲ့ဘဝ

Gသီချင်းတစ်ပုဒ်နဲ့ အင်အားသစ်ဖြစ်ပါစေ

Amလူသားရဲ့အတ္တအစွန်းမရောက်ဖို့ Amဒေါသ မီးများငြိမ်းအေးဖို့

သီချင်းလေးတစ်ပုဒ်နဲ့ နူးညံ့ပျော့ပျောင်းစေ

Chorus

Amသီချင်းနဲ့လူ Fဒီကမ္ဘာကို သာယာလာအောင် Gကူညီနိုင်ပါစေသားကွယ် Am

Verse 4

Amအလှတရားများ ထွန်းကားပြန့်ကျက်ဖို့ Fအနှောင့်အယှက်ရှိသမျှ ခွင်းပစ်ဖို့

Gသီချင်းတစ်ပုဒ်က မြှားတစ်စင်းဖြစ်ပါစေ AmAm

Amမြူခိုးဆီးနှင်းတို့ကျတဲ့ခဏ Fကြယ်ကလေးများမလင်းတဲ့ လမိုက်ည

Gသီချင်းတစ်ပုဒ်ကြောင့် Amအလင်းတန်းဖြစ်ပါစေ Am

Chorus x3 Fade Out

Credit — ထူးအိမ်သင်။ သီချင်း၏ မူပိုင်ခွင့်အားလုံး မူရင်းအဆိုတော်နှင့် တေးရေးဆရာများထံ ရှိပါသည်။ လေ့လာတီးခတ်ရန်အတွက်သာ မျှဝေထားပါသည်။