Intro
Am E Am E
Verse 1
Amအိပ်မက် မက်တိုင်းမှာ Eခမ်းနားတဲ့ နန်းတော်ကြီးဆီ Amရောက်လို့သွား
Eဆန်းပြားတဲ့ တေးသံများရဲ့Dmကြား မင်းသမီးလေးအား Eဖူးမြော်ခွင့်Amရ E
ပြောပေးပါ ဂစ်တာ မင်းကလေးဟာ ငါ့ရဲ့ မိုနာလီဇာ
တောင်ဝင်သီချင်းနဲ့ ငါရောက်လာ အခါမလင့်ခင် ဆက်သ
Verse 2
ဒဏ္ဍာရီည
Amမင်းအမိန့်နဲ့ Eအပါးတော်က Amခစား
Eငါ့ရဲ့သီချင်းနဲ့ Amမွေးစက်ကာထား
Eလရိပ်မှာ ချော့သိပ် Dmအိပ်တော့မလား
Eချစ်Bသူ Eစောင့်စား
Chorus
Amအရုဏ်ဦးသောက်ယံထိအောင် Eမင်းရဲ့ခြေရင်း
Amငါလေ အိပ်စက်ခြင်းတွေ စောင့်ရှောက်ပေးမယ် Eတေးဖွဲ့ရင်း
Amယူဆောင် နှင်းအပ်မယ် ငါ့ချစ်ခြင်းတွေ Eမပြီးဆုံးဘူးဟေ့
Dmနတ်မိမယ်လေး Eနားဆင်ရင်း သာယာပျော်ရွှင်နိုင်ပါAmစေ
Verse 3
နက္ခတ်တွေဝိုင်းဖွဲ့
မင်းစက်ရာ ခန်းဆောင်ထက်မှာ စိမ်းပြာလဲ့
ပိုးသား ဇာဝတ်ရုံ လွှမ်းခြုံတဲ့ မင်းသမီးငယ်ရဲ့
တေးအမှုတော်ထမ်းရွက်
ပန်းနုရောင် ပါးပြင်ထက်
အစိမ်းသက်သက် တိမ်းမူးခဲ့တာ ရူးပြီကွယ်
ရွှေသားအတိပြီးတဲ့ အိပ်မက်များ
ပျောက်ရှမယ်လို့ ငါ့စိတ်မှာစိုး ဒါ...ဆို
Music
Am E Am E Dm E B7 E
Outro
သာယာပျော်ရွှင်နိုင်ပါစေ
နတ်မိမယ်လေး ငါ ဆက်ပြီး
ပြန်ဆုံမယ် အိပ်မက်များထဲ
ပြန်ဆုံမယ် အိပ်မက်များထဲ